ပြည်သူ့ CDM နွေဦးတော်လှန်ရေး ကျန်းမာရေးအတွက် … “Support Myanmar COVID Relief Program”
YouTube Video (WECLICK4MM) ကြည့်ရှုရန်- click here
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့နောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးလုပ်သားများ၊ ဆေးနှင့် ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများနှင့် ပရဟိတသမားများအပေါ် အကြမ်းဖက်စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့်အကြောင်း တင်ဆက်ထားသည့် ရုပ်သံဗီဒီယိုဖြစ်ပါသည်။
အမျိုးသားကျန်းမာရေးကော်မတီ (NHC)၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH)၊ National Support Team (NST) နှင့် WECLICK4MM Team တို့၏ ပူးပေါင်းတင်ဆက်မှုဖြစ်ပါသည်။COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအပါအဝင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော ရန်ပုံငွေလှူဒါန်းမှုများကို နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအလှူရှင်များထံမှ အမြန်ဆုံးလက်ခံရရှိနိုင်ရန် ရည်ရွယ်ပါသည်။
လှူဒါန်းနိုင်သော Website စာမျက်နှာများ-
1. https://moh.nugmyanmar.org/donate/
2. https://nhc-myanmar.org/donate/
3. https://suufoundation-mcrp.com/
4. https://www.brighterfutureuk.org/give
(ယခု YouTube Video ကို ကြော်ငြာများ မကျော်ပစ်ဘဲ မကြာခဏ အစအဆုံး ကြည့်ရှုခြင်းအားဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ပါသည်)
ရုပ်သံဗီဒီယို ကြည့်ရှုရန် YouTube Link: click here
Published on: 24 January 2022
Last Updated: 24 January 2022